Scroll down
နောက်ဆုံးရ

ရုပ်ရှင်နှင့်အနုပညာသတင်းများ

ဇူလိုင်လ အတွင်းရုံတင်ပြသသွားမယ့် " တိုးကျော်မန်းနှင့် နန်းဆန်တဲ့ရွာ " ရုပ်ရှင်ဇာတ်ကားကြီး
Jun 19, 2018 at 9:39 am

သရုပ်ဆောင်တွေ များစွာ ပါဝင်ထားတဲ့ အဲ့ဒီဇာတ်ကားကို ပြေတီဦးရဲ့ ညီမ ဖြစ်သူ ငွေတီဦးက ပုံဖော်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ငွေတီဦးကိုယ်တိုင်ကလည်း အဲ့ဒီဇာတ်လမ်းလေးကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးမှာ ဖြစ်တာကြောင့်သူမအနေနဲ့ ရင်ခုန်မိပါတယ်တဲ့ ။ 😊

ဇာတ်လမ်းပုံစံလေးကဒီလိုပါ ။ 
ကျော်ရဲအောင်၊ ပြေတီဦးနဲ့ ဗေလုဝတို့က အလုပ်လုပ်ရင်းရန်ကုန်မှာ သုံးယောက်ပေါင်းပြီး အဆောင်ငှားနေကြတယ်။ 
အတူတူနေရင်း သံယောဇဉ်ဖြစ်ပြီး ညီအကိုတွေလို ရင်းနှီးသွားကြတယ်။ ပြေတီဦးက သူတို့ထဲမှာ အသက်အငယ်ဆုံးပေါ့ ။ 
သူတို့ကြားမှာ စာချုပ်ချုပ်ပြီး ကတိပြုထားတာတစ်ခုရှိတယ်။ 
သူတို့သုံးယောက်ထဲက တစ်ယောက်ယောက် အိမ်ထောင်ကျသွားရင်၊အချစ်ရေးမှာ စွံသွားရင် ကျန်တဲ့နှစ်ယောက်ကလိုက်ပြီး အိမ်ဖော်လုပ် ပေးရမယ်လို့ စာချုပ်ချုပ်ထားကြတယ်။ 😅😅
ဗေလုဝကစပြီး အလွန်ချောတဲ့ ကောင်မလေးတစ်ယောက်နဲ့ ငြိသွားတာ (အံ့ဖွယ်အတိပါပဲ ပရိသတ်ရေ 😯🤣 )
ဟိုနှစ်ယောက်ကတိအတိုင်း လိုက်ရတာပေါ့။ 😂😂
နောက်အဲဒီကောင်မလေးက အဆက်အသွယ်မရတော့ပဲ ပျောက်သွားခဲ့တယ် ။ 🤔
သူလိပ်စာပေးထားတဲ့အတိုင်းလိုက်ကြရင်းနဲ့ ဇာတ်လမ်းကစတော့တာပါပဲ ။ 😎

တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

+959-25-161-9272