Scroll down
နောက်ဆုံးရ

ရုပ်ရှင်နှင့်အနုပညာသတင်းများ

Anada:Rise of Notra
Jun 19, 2018 at 9:42 am

မြန်မာ့ရုပ်ရှင်လောက တကယ်ကြီး တစ်ခေတ်ဆန်းပြီး အကောင်းဘက်ကို ပြောင်းလဲတိုးတက်လာပြီလား ? 😮😮
ခီမောင်နှံရဲ့ "ဥပါယ်တံမျဉ်" ကနေ အစပြုလို့ ကားကောင်းတွေ ပေါ်ထွက်လာလိုက်တာ အခုဆို မြန်မာကားတွေထဲမြင်ရဖို့ စိတ်တောင်မကူးဖူးတဲ့ သိပ္ပံနယ်လွန် ရုပ်ရှင်ဇာတ်ကားကောင်းလေး ပေါ်ထွက်လို့လာပါပြီ ။ 🤩🤩"Ananda:Rise of Notra" လို့အမည်ရတဲ့ ဒီဇာတ်ကားလေးရဲ့ ဒါရိုက်တာ ညိုမင်းလွင်က "ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်...
နိုင်ငံတစ်နိုင်ငံ၊လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ...Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်...
ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကိုအချိန်နှစ်နှစ်ကျော်ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်...
နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX(Visual Effect) အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်...မရဘူးလား ဆိုရင်တော့ ရတာပါပဲ......" လို့ဆိုပါတယ်။ ဆက်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က မြန်မာ့ရုပ်ရှင်အနာဂါတ်ကို အားလုံးအတူတကွပြောင်းလဲကြရအောင် လို့ဖိတ်ခေါ်ထားပါသေးတယ်။

တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

+959-25-161-9272