Scroll down
နောက်ဆုံးရ

ရုပ်ရှင်နှင့်အနုပညာသတင်းများ

မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်
Jun 19, 2018 at 9:47 am

သားသမီးနဲ့ မိဘကြားရှိတတ်တဲ့ ပဋိပက္ခလေးတွေ....
မိဘဆိုတာကတော့ ဖြစ်နိုင်ရင် ကိုယ့်သားသမီးအတွက် အကောင်းဆုံးဆိုတာတွေပဲ ဖြည့်ဆည်းပေးချင်တဲ့သူတွေပေါ့ ။ ဒါကြောင့်မို့လို့လည်း မိဘမေတ္တာကို မြင်းမိုရ်တောင်နဲ့ ခိုင်းနှိုင်းတင်စားကြတာပါ။ တစ်ခါတစ်ရံမှတော့ ကြယ်ကလေးတွေနဲ့ တူတဲ့သားသမီးတွေဟာ သူတို့ကို ကာကွယ်ထမ်းပိုးပေးထားတဲ့ မြင်းမိုရ်တောင်နဲ့ ငြိပြီး ကြွေလွင့်သွားရတဲ့အဖြစ်လေးတွေလဲ ရှိဖူးတယ် ။ ဒီဇာတ်ကားလေးထဲက ကလေးမလေး ပြည့်ပြည့် ကလဲ မြင်းမိုရ်ငြိလို့ကြွေလွင့်သွားရတဲ့ ကြယ်လေးတစ်လုံးပေါ့ ။

ဇာတ်ကားအကြောင်း ပြည့်ပြည့်စုံစုံ မသိရသေးခင်မှာပဲ ပိုစတာလေးထဲကကောင်မလေး ကို ကြည့်ပြီး ရင်ထဲမှာတစ်မျိုးလေးခံစားလိုက်ရမယ် ဆိုတာ အသေအချာပါပဲ ။ 
တစ်ချိန်ချိန်ကိုယ်လဲ မိဘနေရာရောက်တဲ့အခါ ဒီလိုအမှားတွေမဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတာဆင်ခြင်ရဖို့အတွက် လူတိုင်းသွားကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ကြောင်း သတင်းပေးလိုက်ပါတယ်။

တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

+959-25-161-9272