Scroll down
နောက်ဆုံးရ

ရုပ်ရှင်နှင့်အနုပညာသတင်းများ

The Nun
Jun 19, 2018 at 9:50 am

Conjuring (2) ထဲက Demon Nun ကို character တစ်ခုအနေနဲ့ သီးသန့်ခွဲထုတ်ပြီး ရိုက်ကူးထားတဲ့ Horror ရုပ်ရှင် " The Nun " 😍

Annabelle (1) (2) နဲ့ IT ကို ရေးသားခဲ့တဲ့ စာရေးဆရာ Gary Dauberman ကပဲ" The Nun " ကို ရေးသားထားတာဖြစ်ပါတယ်။

အရင်ကတော့ ဒီဇာတ်ကားကို Horror movie တွေပြလို့ကောင်းတဲ့ Holloween ပွဲတော်ရှိတဲ့ စက်တင်ဘာလ မှာပြသမယ်ဆိုပြီးရွှေ့ဆိုင်းခဲ့ ပေမယ့် ပရိသတ်တွေဆီက The Nun မပြသေးဘူးလား ရုံမတင်သေးဘူးလား ဆိုတဲ့ ဆူဆူညံညံအသံတွေကြားရတာကြောင့် ဂျူလိုင်လ မှာပြသဖို့ပြန်လည်အတည်ပြုခဲ့ပါတယ်။ 

ဇာတ်လမ်းကို Romania က Cârța ဘုန်းကြီးကျောင်းမှာ အစပြုထားတယ် ။ Father Burke ဟာ Nun တစ်ယောက်ထူးဆန်းစွာသေဆုံးမှုကို စုံစမ်းဖို့ရောက်လာတဲ့ နေရာကနေအခြေတည်ထား ပါတယ်။

Conjuring (1) နဲ့ (2) မှာ Lorraine Warrenအနေနဲ့သရုပ်ဆောင်ခဲ့တဲ့ Vera Farmiga ရဲ့ညီမဖြစ်တဲ့ Taissa Farmiga ကို Sister Irene အနေနဲ့တွေ့ရမှာပါ။

Horor ကားမို့ ကြောက်စရာကောင်းတဲ့ အရိပ်အငွေ့တွေ ခံစားရမှာ ကျိန်းသေတာပေါ့ ။ 
ဒါပေမယ့် Nun ဘာကြောင့်သေခဲ့တာလဲ ? ဘာကြောင့်မကျွတ်လွတ်တာလဲ ? စတဲ့သိချင်စိတ်တွေနဲ့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့် ကားကောင်းလေးပါ။ 😉😉
Horror ပရိသတ်တွေ လက်မလွှတ်တမ်းအားပေးဖို့ Ready ပဲလား ?

တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

+959-25-161-9272