Scroll down
နောက်ဆုံးရ

ရုပ်ရှင်နှင့်အနုပညာသတင်းများ

မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ မကြာမီရုံတင်ပြသတော့မယ့် "Incredible 2"
Jun 19, 2018 at 9:54 am

အားလုံးပဲသဘောကျနှစ်သက်ကြတဲ့ စူပါသူရဲကောင်းမိသားစုလေး ပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ Helen ကရှေ့ထွက်တိုက်ခိုက်ရတဲ့ ဇာတ်လိုက်ဖြစ်လာပါတယ်။ ခင်ပွန်းဖြစ်သူ Bob ကို Violet, Dash တို့နဲ့အတူ နေ့စဉ်ပုံမှန် လူနေမှုဘဝကို အိမ်မှာဖြတ်သန်းနေတာကို တွေ့ရမှာပါ။

Hero ဘဝကနေ ဒီလိုအပြောင်းအလဲလုပ်ရတာ သူတို့အတွက်တော့ မလွယ်ကူလှပါဘူး။Helen နဲ့ Bob တို့ရဲ့ ကလေးလေး Jack ရဲ့ စူပါပါဝါတွေ ထုတ်လွှတ်နိုင်တဲ့အစွမ်းကို တစ်မိသားစုလုံး မရိပ်မိကြသေးတာကြောင့် အထူးအဆန်းတွေ ဖြစ်ပျက်နေတဲ့ Bob တို့ကိုကြည့်ရင်း အူတက်အောင်ရီနေရမှာ အသေအချာပါပဲ။

တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

+959-25-161-9272