လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းတစ်ခုမှာ အောင်အောင်မြင်မြင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုချိန်မှာတော့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ကြံသတ်ဖြတ်ရတဲ့ အလုပ်တွေကို စွန့်လွှတ်လိုက်ခဲ့ပြီဖြစ်ပါသည်။ ဒါပေမယ့်သူလုပ်ခဲ့တဲ့အဖွဲ့နဲ့သူဟာတစ်ချိန်တုန်းကေ သွးသစ္စာဆိုခဲ့ရတာကြောင့် John Wick သည် သူ၏အဖွဲ့က သူကိုအသည်းအသန်လိုအပ်လာတဲ့အချိန်မှာတော့ငြင်းပယ်ရှောင်ပြေးလို့မဖြစ်နိုင်ပါဘူး။ သူနဲ့တစ်ချိန်က လုပ်ခဲ့တဲ့အဖွဲ့အစည်းသည်လည်း နိုင်ငံတကာလုပ်ကြံသတ်ဖြတ်နေတဲ့ လျှို့ဝှက်လှုပ်ရှားနေသော အဖွဲ့ အစည်းတစ်ခုကို ထိန်းချုပ်သုတ်သင်ရှင်းလင်းရတော့မှာမို့လို့ John Wick ကို အီတလီနိုင်ငံကို လာရောက်ဖို့ ဆင့်ခေါ်ခဲ့ပါတော့သည်။ အီတလီနိုင်ငံ၊ ရောမမြို့တော်ကို ရောက်ရှိချိန်မှာတော့ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး လူသတ်သမားတွေ စုစည်းပါဝင်နေတဲ့လျှို့ဝှက်အဖွဲ့အစည်းနဲ့ John Wick သည် သူသေကိုယ်သေ ရင်ဆိုင်တိုက်ခိုက်ရပုံကို ရိုက်ကူးတင်ဆက်ထားသော အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါသည်။

သရုပ်ဆောင်များ
Keanu Reeves, Halle Berry, Ian McShane
တစ်စုံတစ်ရာအကူအညီလိုအပ်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..
+959-25-161-9272